Monday, September 3, 2012

ဘယ်တော့မှ နောက်မကျသေးပါဘူး...

ပန်းတိုင် အသစ် တစ်ခု တည်ဆောက်ဖို့...
အိပ်မက်သစ် တစ်ခု ထပ်မက်ဖို့ ...
ဘယ်တော့မှ နောက်မကျသေးပါဘူး...
ဘဝမှာ ငြီးငွေ့စရာတွေ များလာရင်...
ဘာလို့ အရာအားလုံးကို အစကနေ ပြန်မစရဲရမှာလဲ....
လက်ရှိ ဘဝရဲ့ ရှင်သန်နေထိုင်မှုမှာ မပျော်တော့ရင် ...
ဘာကြောင့် နောက်ထပ် ကိုယ် ပျော်ရွှင်နိုင်မယ့်...
ဘဝသစ် တစ်ခုကို ရှာဖွေ တည်ဆောက်ဖို့ ...
နောက်တွန့်နေမှာလဲ...?
အခုပဲ စလိုက်ပါ ...
ဘယ်တော့မှ နောက်မကျသေးပါဘူး...
ဘယ်တော့မှ နောက်မကျသေးပါဘူး...
ကို ဇင်ဇေ ( STG )




မြင်ကြည့်ပါ ... ခံစားပါ... အရောက်သွားပါ ....

ဘဝမှာ နောက်ဆုံးအချိန် နား နီးလာရင် ...
ကိုယ့်ကိုကိုယ် ဘယ်လို အနေအထားနဲ့ မြင်ချင်လဲ...
ကျန်ရစ်သူတွေ အတွက် ကိုယ်နဲ့ ပက်သတ်လို့ ဘာတွေ ချန်ထားခဲ့ချင်လဲ....

နောင် ၁၀ နှစ်မှာ ကိုယ့်ကိုကိုယ် ဘယ်လို အနေအထားနဲ့ မြင်ချင်လဲ...
ငွေကြေး စီးပွါးရေး အရ

...
လူမှုရေး အရ...
ဘဝလူနေမှု ပုံစံ အရ....

၅ နှစ်မှာ ရော ဘယ်လို မြင်ချင်လဲ....

ဒီ ၅ နှစ် ၁၀ နှစ် ပန်းတိုင်တွေ အတွက် ဘယ်လို စီမံကိန်းတွေချပြီး သွားနေလဲ...

၁ နှစ်မှာ ၆ လမှာ ဘာဖြစ်အောင် လုပ်မှာလဲ...

နောင်လ ....မနက်ဖြန် ရော ....ဘာတွေ လက်တွေ့ အကောင် အထည် ဖော် လုပ်မှာလဲ...

မြင်ကြည့်ပါ ...
ခံစားပါ...
အရောက်သွားပါ ....
တစ်နေ့ တစ်လှမ်းတော့ အနည်းဆုံး ရောက်အောင် လှမ်းပါ....
မနေ့ကထက်တော့ ပို ပိုနီးလာမှာ...
ကို ဇင်ဇေ ( STG )

မပြောင်းလဲနိုင်ပေမယ့် ... ပြောင်းလဲနိုင်ပါတယ်

ငါတို့ လုပ်သမျှဘယ် အရာကမှ အတိတ်ကို မပြောင်းလဲနိုင်ပေမယ့် ....
ငါတို့ လုပ်သမျှ အရာရာတိုင်းကတော့ အနာဂတ်ကို ပြောင်းလဲစေနိုင်ပါတယ်.....
ကို ဇင်ဇေ ( STG )


Please support us by liking and sharing our page
Mail and encourage author 
Author on Facebook 


ရှုံးနိမ့်ခြင်းဟာ အောင်မြင်ခြင်းရဲ့ အကြိုပါပဲ....

ရှုံးနိမ့်ခြင်းဟာ သင်ခန်းစာ ယူဖို့ အခွင့် အရေး ဖြစ်ပြီးတော့ ....
သင်ခန်းစာ ရခြင်းဟာ အောင်မြင်ဖို့ အခွင့် အရေး ဖြစ်တာမှို့ ....
ရှုံးနိမ့်ခြင်းဟာ အောင်မြင်ခြင်းရဲ့ အကြိုပါပဲ....


Please support us by liking and sharing our page
Mail and encourage author 
Author on Facebook 


သင့် အနားမှာ အိပ်မက်သာ မက်တတ်သူတွေ ရှိသလို
တကယ် လက်တွေ့ ထလုပ်သူတွေလည်း ဝန်းရံနေပါစေ...
ယုံကြည်သူတွေရှိသလို တွေးထင်သူတွေလည်း ရှိနေပါစေ...
အားလုံးထဲမှာ အရှိသင့်ဆုံးလူတွေကတော့ ...
သင့် အတွင်းထဲက မြင့်မြတ်ကြီးကျယ်မှူတွေကို သင်ကိုယ်တိုင် မမြင်နိုင်ရင်တောင်...
မြင်ပေးနေကြတဲ့ သူတွေပါ...
( အပြုသဘောဆောင်သော အသိုင်းအဝန်း တစ်ခုဖြစ်လာအောင် အတူတကွ ကြိုးစားသွားကြရအောင်... )
ကို ဇင်ဇေ ( STG )



Please support us by liking and sharing our page
Mail and encourage author 
Author on Facebook