Tuesday, July 24, 2012

ဒီနေ့မှာ ဒီလို တွေးမိတယ် ...(19 July 2012)

တစ်ချို့က အများအတွက်တဲ့ ..
အသက်တွေ စွန့်ပြီး လုပ်သွားကြတယ် ...
တစ်ချို့က အများအတွက်တဲ့ ..
ဘဝတွေ စွန့်ပြီး လုပ်သွားကြတယ် ..

တစ်ချို့က အများအတွက်တဲ့ ...
မိသားစုတွေ စွန့်ပြီး လုပ်သွားကြတယ် ...
တစ်ချို့က အများအတွက်တဲ့ ...
မိတ်ဆွေသူငယ်ချင်းတွေကို စွန့်ပြီး လုပ်သွားကြတယ် ...

တစ်ချို့က ပြတ်တယ် ...
စွန့်နိုင်သလောက် အားလုံး စွန့်သွားကြတယ် ...

သူတို့ စွန့်သွားလို့ စားနေရတဲ့ ကမ္ဘာကြီးမှာ ...
ကျွန်တော်တို့ နေထိုင်နေကြတယ် ...
သူတို့လောက် မစွန့်နိုင်ရင်တောင်...
ကိုယ် စားနေရတဲ့ထဲက ...
ကျွန်တော်တို့ ဘယ်လောက် လောက် ... စွန့်နိုင်ကြပြီလဲ...

ကျွန်တော်လည်း သာမန်ပဲမို့ အာဇာနည်များလောက် မစွန့်နိုင်ပါဘူး....
ဒါပေမယ့် ...
စွန့်နိုင် သလောက် စွန့် ...
လုပ်နိုင် သလောက် လုပ် ...
တွန်းနိုင် သလောက် တွန်း ဖို့ တော့... တတ်နိုင်ပါတယ်...

တစ်ချိန်မှာ ကျွန်တော့် သားက မေးလာမယ် ..
အဖေတို့ ဘာ လုပ် ခဲ့သလဲ ဆိုရင် ...
ကျွန်တော်တို့ အရှက် မရချင်ဘူး... ။ ။

By ZinZae

No comments:

Post a Comment